သင်္ကြန်အရှေ့ဥရောပ (၆) နိုင်ငံ(၁၃ည/၁၄ရက်)

သင်္ကြန်အရှေ့ဥရောပ (၆) နိုင်ငံ(၁၃ည/၁၄ရက်)


(ချက် ~ ဟန်ဂေရီ – စလိုဗက်ကီးယား – သြစတြီးယား – ပိုလန် – ဂျာမဏီ)
USD4200 ( Early bird Discount Price USD4000)ဖေဖ၀ါရီ၁၅-ရက်နေ့ထိသာ(ထွက်ခွာရက်နှင့်ပြန်လည်ရောက်ရှိရက်~ (၁၁ဧပြီ မှ၂၄ဧပြီ)
(မှတ်ချက်~ Europe Countries တစ်လျောက်လုံးသုံးစွဲနိုင်သည့် ဖုံးဆင်းကဒ်များ လက်ဆောင်ပေးနေပါပြီ)။ကားပေါ်တွင်နေ့စဉ်သောက်ရေသန့်ပါဝင်ပြီး၊ဒရိုင်ဘာနှင့်Local Tour guide များအတွက် Tip များအကုန်ပါဝင်ပြီးဖြစ်ပါသည်။ (မှတ်ချက်~ ဂန္ထ၀င်ရွှေပုဂံ ၏ Management ဖြစ်ပါ၍ တွေဝေစဉ်စားစရာမလို။ယခုပင်စာရင်းပေးမှစိတ်ချရပါမည်။)
~~~~~~~~~~~~~~~~~~~~~~~~~
ပရိုဂရမ်အကျဉ်း

Day 1 – ရန်ကုန် -ဘူဒါပတ်စ် (O/N flight)
Day 2 – ဘူဒါပတ်စ်
Day 3 – ဘူဒါပတ်စ်
Day 4 – ဘူဒါပတ်စ် – Bratislava – ဗီယားနား (သြစတြီးယား)
Day 5 – ဗီယားနား
Day 6 – ဗီယားနား – ကရာကော့ (ပိုလန်)
Day 7 – ကရာကော့ – အော့ဇ၀စ်အကျဉ်းထောင်- ကရာကော့
Day 8 – ကရာကော့ – ၀ါဆော
Day 9 – ၀ါဆော
Day10 – ၀ါဆော – ဘာလင် ( ဂျာမဏီ )
Day11 – ဘာလင် ( ဂျာမဏီ )
Day12 -ဘာလင် – ပရတ် (ချက်ပြည်သူ့သမ္မတနိုင်ငံ)
Day13- ပရတ် – Transit Airport – ရန်ကုန် ( O/N flight)
Day14 – ရန်ကုန်ရောက်ရှိ
~~~~~~~~~~~~~~~~~~~~~~~~~~~
ပရိုဂရမ်အသေးစိတ်

Day – 1 ) ရန်ကုန် – Transit – ဘူတာပတ်စ်
ဂန္တ၀င်ရွှေပုဂံဧည့်လမ်းညွှန်မှ လူကြီးမင်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆိုခြင်း၊ ရန်ကုန်လေဆိပ်မှတဆင့် Transit လေဆိပ်သို့ထွက်ခွာပါမည်။ ၄င်းမှတဆင့် ဟန်ဂေရီနိုင်ငံ၏ မြို့တော်ဖြစ်သော ဘူတာပတ်စ်မြို့သို့ဆက်လက်ထွက်ခွာပါမည်။ လူကြီးမင်းများ၏ တစ်ညတာအားလေယာဉ် ပေါ်တွင်အနားယူပါမည်။
Night Over – On Flight

Day – 2 ) ဘူတာပတ်စ်
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဒင်းညုမြစ်ကမ်းပေါ်တွင်တည်ဆောက်ထားသော ဘူတာပတ်စ် မြို့တော်၏ အမြင့်ဆုံးအဆောက်အဦးဖြစ်သည့် ပါလီမာန်အဆောက်အဦး Parliament House နှင့် ကမ္ဘာ့ ယဉ်ကျေးမှု့အမွေအနှစ်စာရင်းဝင်တစ်ခုဖြစ်သော အော်စတိုဟန်ဂေရီယန် အင်ပါယာပြည့်ရှင်မင်းများ၏ နန်းတော်ဖြစ်သည့် Buda Castle သို့သွားရောက်လေ့လာပါမည်။ ဆက်လက်ပြီး Matthias Church ဘုရားကျောင်း နှင့် Firsherman Bastion သို့သွားရောက်လည်ပတ်ပြီးနောက် လူကြီးမင်းများတစ်နေ့တာအား ဟိုတယ်တွင်အပန်းဖြေအနားယူပါမည်။
Night Over – Mercure Budapest Buda Hotel (or) Similar

Day – 3 ) ဘူတာပတ်စ်
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် (၁၈၄၉) ခုနှစ်ကတည်ဆောက်ခဲ့သော ရှေးဟောင်းတံတားတစ်ခု ဖြစ်သည့် Chain Bridge၊ ပထမဦးဆုံးသော ဟန်ဂေရီနိုင်ငံ၏ ဘုရင် King Stephen ကိုအစွဲပြုပြီးခေါ်ဆိုကြ သည့် St.Stephen’s Basilica ၊ Hungarian Parliament အဆောက်အဦး နှင့် State Opera House တို့အား သွားရောက်လေ့လာပါမည်။ ဆက်လက်ပြီး ဒင်းညုမြစ်ကမ်းဘေးတွင်တည်ရှိသော Szentendre (စန်တန်ဒယေ) မြို့လေးသို့သွားရောက်လေ့လာပြီးနောက် ဒင်းညုမြစ်အတွင်းတွင် Duna Corso Cruise စီးနင်းပြီး မြစ်ကမ်းတစ်လျှောက် သာယာလှပသောရှု့ခင်းများနှင့်အတူ အမှတ်တရဓါတ်ပုံများ၇ိုက်ကြပါမည်။
Night Over – Mercure Budapest Buda Hotel (or) Similar၏

Day – 4 ) ဘူတာပတ်စ် – Bratislava – ဗီယားနား (သြစတြီးယား)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် စလိုဗတ်ကီးယားနိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်သော Bratislava မြို့သို့ထွက်ခွာပြီး ထင်ရှားသော ပြဇာတ်ရုံဖြစ်သော Opera House နှင့် Slovak Philharmonic Hall သို့သွားရောက်လေ့လာပါမည်။ ဆက်လက်ပြီး ဟန်ဂေရီဘုရင်များနန်းတက်ပွဲကျင်းပရာနေရာဖြစ်သော St.Martin’s Cathedral နှင့် (၁၇) ရာစုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့သော်လည်း နပိုလီယံစစ်ပွဲကြောင့်ပျက်စီးခဲ့ရသော Devin Castle ရဲတိုက်တို့အားသွားရောက်လည်ပတ်ပြီးနောက် သြစတြီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော ဗီယားနား (Vienna) မြို့သို့ဆက်လက်ထွက်ခွာပါမည်။ လူကြီးမင်းများ၏ ညနေစာအား ဗီယားနားမြို့တွင်ဧည့်ခံပြီးနောက် လူကြီးမင်းများ၏ တစ်ညတာအား ဟိုတယ်တွင်အပန်းဖြေအနားယူပါမည်။
Night Over – NH Danube City Hotel (or) Similar

Day – 5 ) ဗီယားနား
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဗီယားနားမြို့၏ ရှေးအကျဆုံးဘုရားရှိခိုးကျောင်းဖြစ်သည့် St.Rupert’s, မြို့တော်ခန်းမဟောင်းဖြစ်သော The Old City Hall, ပါလီမာန်အဆောက်အဦးဖြစ်သော Parliament House နှင့် Heroes Square တို့အားသွားရောက်လေ့လာပါမည်။ ဆက်လက်ပြီး ၁၆၇၉ ခုနှစ်တွင် အထိမ်းအမှတ်ရုပ်ထုအဖြစ်ထွင်းထုခဲ့သော Plague Column နှင့် St.Stephen’s Cathedral ဘုရားကျောင်းတို့အားသွားရောက်လေ့လာပြီးနောက် ညနေပိုင်းတွင် ဗီယားနားမြို့၏ သာယာလှပသောရှု့ခင်းအလှအပများကိုကြည့်ရှု့ခံစားရင်း ဟိုတယ်တွင်အေးချမ်စွာအပန်းဖြေအနားယူပါမည်။
Night Over – NH Danube City Hotel (or) Similar

Day – 6 ) ဗီယားနား – ကရာကော့ (ပိုလန်)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ပိုလန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် နှင့် မြို့တော်ဟောင်း ဖြစ်သော ကရာကော့မြို့သို့ထွက်ခွာရာ နေ့လည်စာအား လမ်းခရီးရှိစားသောက်ဆိုင်တွင်ဧည့်ခံပါမည်။ ကရာကော့မြို့သို့ရောက်၇ှိပြီးနောက် ဥရောပ၏ အကြီးမားဆုံးရင်ပြင်ထဲတွင်တစ်ခုအပါအ၀င်ဖြစ်သည့် ကရာကော့ Main Square သို့သွားရောက်လေ့လာလည်ပတ်ပါမည်။ ညနေပိုင်းတွင် ကရောကော့မြို့၏ ထင်ရှားကျော်ကြားသော Shopping Area သို့သွားရောက်လေ့လာဈေးဝယ်ထွက်ပါမည်။
Night Over – Golden Tulip Krakow City Center Hotel (or) Similar

Day – 7 ) ကရာကော့ – အော့ဇ၀စ်အကျဉ်းထောင်- ကရာကော့
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်းဂျူးအကျဉ်းသားများ၊ ဆိုဗီယက်စစ်သည်များ၊ ဂျစ်ပစီလူမျိုးများကို သုတ်သင်ရာ (အကျဉ်းကျခံနေစဉ်အတွင်းကြုံတွေ့နေရသည့် အခက်အခဲများကြားမှ အံ့သြလေးစားဖွယ် မိဘ၏မေတ္တာတရားကိုဖော်ကျူးထားသော အကယ်ဒမီဆုပေါင်းများစွာရရှိသည့် Life is Beautiful ဇာတ်လမ်းတွဲရိုက်ကူးရာနေရာ ) အော့ဇ၀စ်အကျဉ်းထောင် ( Auschwitz 2 Birkenau Concentration Camp ) နေရာအားသွားေ၇ာက်လေ့လာပါမည်။ ထို့နောက် ကရာကော့မြို့သို့ကားဖြင့်ပြန်လည်ထွက်ခွာပြီး UNESCO အသိအမှတ်ပြု ပိုလန်နိုင်ငံတွင် တိုးရစ်များအများဆုံးလာရောက်လည်ပတ်သောနေရာတစ်ခုဖြစ်ပြီး ထူးခြားသောနေရာဖြစ်သည့် Polan Salt Mine Tour သို့သွားရောက်လေလာလည်ပတ်ပါမည်။
Night Over – Golden Tulip Krakow City Center Hotel (or) Similar

Day – 8) ကရာကော့ – ၀ါဆော
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ပိုလန်နိုင်ငံ၏ မြို့တော် ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံဖြစ်သည့် ၀ါဆောမြို့သို့ကားဖြင့်ထွက်ခွာပြီး နေ့လည်စာအား လမ်းခရီးရှိစားသောက်ဆိုင်တွင်ဧည့်ခံပါမည်။ ၀ါဆောမြို့သို့ရောက်ရှိပြီးနောက် ခေတ်ဟောင်းအနုပညာလက်ရာများပြသထားရာ Warsaw Uprising Museum ပြတိုက်၊ (၁၇) ရာစုကတည်းက Calssically စတိုင်ဖြင့်တည်ဆောက်ထားသော Belvedere Palace နန်းတော်၊ ပထမကမ္ဘာစစ်အတွင်းကျဆုံးသွားသောစစ်သားအားဂုဏ်ပြုစွာတည်ဆောက်ထားသော The Tomb of the Unknown Soldier Monument အဆောက်အဦး နှင့် ဒုတိယကမ္ဘာစစ်အတွင်းကျဆုံးသွားသောစစ်သည်များအား အောက်မေ့ဖွယ်တည်ဆောက်ထားသော Ghetto Memorial အဆောက်အဦးတို့အားသွားရောက်လေ့လာပါမည်။ ဆက်လက်ပြီး ထိုင်ခုံပေါင်း (၁၈၂၈) ခုရှိသည့် ၀ါဆောမြို့၏ ခမ်းနားလှသောအမျိုးသားပြဇာတ်ရုံတစ်ခုဖြစ်သည့် Grand Theatre ပြဇာတ်ရုံ နှင့် ကြေးနီနှင့်ခဲမဖြူပေါင်းစပ်စွာထုလုပ်ထားသော Chopin Monument ရုပ်ထုတို့အားသွားရောက်လေ့လာပါမည်။
Night Over – Radission Blu Centerum Hotel (or) Similar

Day – 9) ၀ါဆော
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဗစ်စတူလာမြစ်ကမ်းဘေးရှိ UNESCO အသိအမှတ်ပြုစာရင်းဝင်ဝါဆောမြို့ဟောင်းဖြစ်သော The Old Town သို့သွားရောက်လေ့လာပြီး (၁၈၀၅) ခုနှစ်တွင် တည်ဆောက်ခဲ့သော တော်ဝင်လက်ရာများအား ထိန်းသိမ်းပြသထားရာ Museum of King John II’s Palace နန်းတော်၊ နာမည်ကျော်နန်းတော်ဖြစ်သည့် Royal Castle ရဲတိုက် နှင့် Square ရင်ပြင်တို့အားသွားရောက်လေ့လာပါမည်။ ဆက်လက်ပြီး ခရစ်ယာန်ဘုရားကျောင်းဖြစ်သော St.John Cathedral ဘုရားကျောင်းအားသွားရောက်လေ့လာပြီး ဈေးဝယ်ကြိုက်သူများအတွက် (1980) ခုနှစ်က UNESCO စာရင်းတွင် နာမည်ကျော် The Old Town Market Square သို့သွားရောက်လေ့လာဈေးဝယ်ထွက်ပါမည်။ ထို့နောက် နာမည်ကျော်အဆောက်အဦးများစွာရှိသော The Royal Route လမ်းတစ်လျှောက်သွားရောက်လည်ပတ်ပြီးနောက် ၀ါဆောမြို့၏ အလှပဆုံးပန်းခြံတစ်ခုဖြစ်သော Royal Park ပန်းခြံသို့သွားရောက်ပြီးအမှတ်တရဓါတ်ပုံများရိုက်ကြပါမည်။ ညနေစာအား ပိုလန်၏ နာမည်ကျော်ရိုးရာအစားအစာများကို မြည်းစမ်းနိုင်မည့် Polish Dishes & Famous Polish Vodka သို့သွားရောက်ပါမည်။
Night Over – Radission Blu Centerum Hotel (or) Similar

Day – 10 ) ၀ါဆော – ဘာလင် ( ဂျာမဏီ )
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် အလွန်လှပသောမြို့ပြအလှအပများနှင့်အတူ ခေတ်မှီဗိသုကာအတက်ပညာဖြင့်တည်ဆောက်ထားသောမြို့တော်ဖြစ်သည့် ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့သို့ထွက်ခွာပါမည်။ ဘာလင်မြို့သို့ရောက်ရှိပြီးနောက် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အနောက်ဘာလင် နှင့် အရှေ့ဘာလင်ကိုပိုင်းခြားထားသော နံရံတံတိုင်းကြီးဖြစ်သည့် (၂၀) ရာစုခေတ်က Berlin Wall Memorial & Documentaion Centre တို့အားသွားရောက်ကြည့်ရှု့လေ့လာပါမည်။ ဆက်လက်ပြီး အနောက်ဘာလင် နှင့် အရှေ့ဘာလင်ကိုပိုင်းခြားထားသောနေရာတွင် Charlie နာမည်ကိုအထိမ်းအမှတ်ပြုတည်ဆောက်ထားသော Check Point Charlie နေရာတို့အားသွားရောက်ပြီးအမှတ်တရဓါတ်ပုံများရိုက်ကြပါမည်။
Night Over – Central Hostel Berlin Hotel (or) Similar

Day – 11 ) ဘာလင် ( ဂျာမဏီ )
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဘာလင်မြို့၏အဓိက Landmark ကြီးဖြစ်သည့် (၁၈) ရာစုခေတ်က သမိုင်းဆိုင်ရာဂိတ်တစ်ခုဖြစ်သော Brandenburg Gate အားသွားရောက်လေ့လာပြီး Berlin Television Tower, (၁၉) ရာစုခေတ်ကတည်းကတည်ဆောက်ခဲ့သော Berlin Cathedral ဘုရားကျောင်း နှင့် အစိုးရရုံးများရှိရာ ဖန်အမိုးခုံးများဖြင့်အလှဆင်ထားသော Reichstag အဆောက်အဦးအစရှိသည်တို့အားသွားရောက်လေ့လာလည်ပတ်ကြပါမည်။ ဆက်လက်ပြီး ဘာလင်မြို့ဟောင်းတွင်တည်ရှိသော Museum Island သို့သွားရောက်ပြီး နာမည်ကျော်ပြတိုက်များသို့သွားရောက်လေ့လာပြီးနောက် ဂျူးလူမျိုးများအားအောက်မေ့ဖွယ်ရာအဖြစ်တည်ဆောက်ထားသော Memorial to the Murdered Jews of Europe နေရာတို့အားသွားရောက်လေ့လာပါမည်။
Night Over – Central Hostel Berlin Hotel (or) Similar

Day – 12 ) ဘာလင် – ပရတ် (ချက်ပြည်သူ့သမ္မတနိုင်ငံ)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ချက်ပြည်သူ့သမ္မတနိုင်ငံ ပရတ်မြို့သို့ကားဖြင့်ထွက်ခွာပါမည်။ ပရတ်မြို့သို့ရောက်ရှိပြီးနောက် ပရတ်မြို့အလှကို Prague River Cruise အပျော်စီးသင်္ဘောပေါ်မှ (၂) နာရီကြာ လှည့်လည်ကြည့်ရှု့အပန်းဖြေပါမည်။ ထို့နောက် Vltava River မြစ်ကိုဖြတ်ပြီးတည်ဆောက်ထားသော ပရတ်မြို့ရှိ နာမည်ကျော်ထင်ရှားသောတံတားတစ်စင်းဖြစ်သည့် Charles Bridge တံတားသို့သွားရောက်လေ့လာပါမည်။ ဆက်လက်ပြီး ပရတ်မြို့ မြို့လည်ခေါင်ရှိ သမိုင်းဆိုင်ရာဗိသုကာလက်ရာများဖြင့်တည်ဆောက်ထားသော ခေတ်မှီအဆောက်အဦးတစ်ခုဖြစ်သည့် Dancing House သို့သွားရောက်ပြီးအမှတ်တရဓါတ်ပုံများရိုက်ကြပါမည်။
Night Over – Panorama Hotel Prague (or) Similar

Day – 13 ) ပရတ် – Transit
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ပရတ်မြို့တော်ဟောင်းဖြစ်သည့် Old Town Square ရင်ပြင်၊ ဥရောပတွင် ရှေးအကျဆုံး နှင့် ဂျူးလူမျိုးများ၏ အကြီးဆုံးသော သချို င်္င်းဖြစ်သော Old Jewish Cemetry နှင့် နှစ်ပေါင်း (၆၀၀) သက်တမ်းရှိ ရာသီခွင်များ နေ/လလမ်းကြောင်းများပါဝင်သော နက္ခတ်တာရာနာရီ (Astronomical Clock ) တို့အားသွားရောက်လေ့လာပါမည်။ ထို့နောက် ပရတ်မြို့၏ ဘုန်းတော်ကြီးကျောင်းထိုင်ရာ St.Vitus Cathedral ဘုရားကျောင်း၊ Prague Castel ရဲတိုက် နှင့် အနီးရှိ ချစ်စဖွယ်ရောင်စုံအိမ်ကလေးများရှိရာ လမ်းကျဉ်းလေးဖြစ်သော Golden Lane နှင့် ရဲတိုက်အတွင်းရှိ ရှေးဟောင်းဘုရားကျောင်းဖြစ်သော St.George’s Basilica တို့အားသွားရောက်လေ့လာလည်ပတ်ပါမည်။ ဆက်လက်ပြီး ပရတ်မြို့သစ်တွင်တည်ရှိပြီး မြို့တော်၏အဓိကအချက်အချာကျသောနေရာတစ်ခုဖြစ်သည့် Wenceslas Square ၇င်ပြင်တို့အားသွားရောက်လည်ပတ်ပြီးနောက် ပရတ်မြို့လေဆိပ်သို့ Check-In ၀င်ပါမည်။ ပရတ်မြို့လေဆိပ်မှတဆင့် Transit လေဆိပ်သို့ဆက်လက်ထွက်ခွာပြီး လူကြီးမင်းများတစ်ညတာ အား လေယာဉ်ပေါ်တွင်အနားယူပါမည်။
Night Over – On Flight

Day – 14 ) Transit – ရန်ကုန် ( No Meals )
Transit လေဆိပ်သို့ရောက်ရှိပြီး၊ ၄င်းမှတဆင့် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာ လာရာ ချောမောစွာပြန်လည်ရောက်ရှိပါမည်။

*****HAPPY ENDING TRIP*********

ဆက်သွယ်ရန်လိပ်စာများ
——————
ရန်ကုန်ရုံးချု ပ်
အမှတ် ၆၇၊ မြေညီထပ်၊ဗဟိုလမ်း၊( သီရိလမ်းထိပ်) ၊ စမ်းချောင်း ၊ ရန်ကုန်မြို့
Tel : 01- 519292 , 01-519293, 01 – 519360.

လမ်းညွှန် >>

( မြို့ထဲမှ)
မြို့ထဲမှဗဟိုလမ်းအတိုင်းမောင်းလာပါကအာရှတော်ဝင်ဆေးရုံကိုတွေ့ပါမည်။ထပ်မံ၍ ၃ – ၄ မိနစ်ခန့်မောင်းပါကမိမိလားရာ၏လက်ဝဲဖက်ခြမ်းတွင်ခေမာလမ်းကိုတွေ့မြင်ရပါမည်။(ဖြေးဖြေးနှင့်သတိထားကြည့်လာပါရန်)ခေမာလမ်းတွေ့မြင်ပြီးသည်နှင့် ၄င်းဗဟိုလမ်းမပေါ်တွင်ပင်ဂန္ထ၀င်ရွှေပုဂံရုံးခန်း(လုံးခြင်း)အားတွေ့ပါပြီ။

(ဗားကရာလမ်းထိပ်မှ )
ဗားကရာလမ်းထိပ်(ဓါတ်ဆီဆိုင်ထိပ်)မှဗဟိုလမ်းအတိုင်းမောင်းလာပါက ၂ မိနစ် ခန့် တွင်မိမိ လား ရာ၏ လက်ယာဖက်ခြမ်းတွင်သီရိ လမ်းကိုတွေ့မြင်ရပါမည်။ (ဖြေးဖြေးနှင့်သတိထားကြည့်လာပါရန်) သီရိလမ်းတွေ့မြင်ပြီးသည်နှင့် ၄င်းဗဟိုလမ်းမပေါ်တွင်ပင်ဂန္ထ၀င်ရွှေပုဂံရုံးခန်း(လုံးခြင်း)အားတွေ့ပါပြီ။
===================
ရုံးချိန် –
မနက် ၉ နာရီခွဲမှ ညနေ ၅နာရီထိ (ပုံမှန်အားဖြင့် စနေ၊တနင်္ဂနွေရုံးပိတ်ပါသည်)
ယနေ့မှစ ၍ သင်္ကြန် ရာသီချိန်အတွက် စနေနေ့အားဖွင့်ထားပေးပါသည်။

Facebook Messager ( ၂၄ နာရီဆားဗစ်)
====================
� Hot Line 09790901466
======================
� မန္တ လေး ရုံးခွဲ
၃၈ လမ်း၊ ၇၈ နှင့် ၇၉ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ ။
� 09 730 138 56, 09 316 93339
=======================
� Hot Line 09790901466
� Email… operationgandawun@gmail.com
� www.gandawunshwebagan.com