စီအမ်၊ရှန်ဒူး ၊ Luoyang /ကျန်ကျားကျဲ့- ကွေ့လင်-ချန်ရှား/ ရှန်ဂရီလာခရီးစဉ်

စီအမ်၊ရှန်ဒူး ၊ Luoyang /ကျန်ကျားကျဲ့- ကွေ့လင်-ချန်ရှား/ ရှန်ဂရီလာခရီးစဉ်

စီအမ်၊ရှန်ဒူး ၊ Luoyang ( ၆ည/ ၇ ရက်ခရီးစဉ်)
Day 1- Yangon~ Xian
Day 2 – Xian ~ Huayin
Day 3 – Huayin ~ Mt. Huashan ~ Luoyang
Day 4 – Luoyang ~ Xian ~ Chengdu (High Speed train)
Day 5 – Chengdu ~ Leshan Giant Buddha ~ Mt Emei
Day 6 – Chengdu Departure ( Night On Flight)
Day 7 – Arrival yangon

စီအမ်၊ရှန်ဒူး ၊ Luoyang လည်ပတ်စရာများ

မြန်မာတူးရစ်များအရောက်အပေါက်နည်းသည့်တရုပ်ပြည်အနောက်ဖက်ခြမ်းမှကမ္ဘာအမွေအနှစ်စာရင်းဝင်အရာများ ~ ကမ္ဘာကျော် Tourist Attractions များ~ထူးဆန်းအံ့သြဘွယ်မကုန်သည့်နေရာများ~ဖူး၍မ၀နိုင်သောဗုဒ္ဓဆင်းထုတော်ကြီးများရှိရာအရပ်ကို ~ ဂန္ထ၀င်ရွှေပုဂံ Travel& Tours နှင့် တရုပ်နိုင်ငံမိတ်ဖက်ကုပ္ဗဏီတို့မြန်မာလူမျိုးအကြိုက်ကိုရည်ရွယ်ပြီးအတူတကွပူးပေါင်းရေးဆွဲတင်ဆက်ထားပါသည်။
စီချွမ်ပြည်နယ်(Chengdu)~ဟန်နန်ပြည်နယ်( Luoyang) ~ Huayin ~ Mt Emei~ Leshan ~ Xian (ရှန်စီးပြည်နယ်) ၆ညအိပ်~၇ ရက်)
လည်ပတ်ရောက်ရှိမည့်နေရာများကိုဓါတ်ပုံများဖော်ပြထားပါသည်။
(လူကြီးမင်းများအတွက်အချိန်ကုန်၊စိတ်ငြီးငွေ့စေမည့်ကျောက်မျက်ဆိုင်၊တိုင်းရင်းဆေးဆိုင်များ၊မပါဝင်ပါ)

ပရိုဂရမ်အသေးစိတ်
Day 1 ~ ရန်ကုန် -Transit -ရှီအမ် (Meal On Board )
ဂန္တ၀င်ရွှေပုဂံဧည့်လမ်းညွှန်မှ လူကြီးမင်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနေပြီး၊ ၄င်းမှတစ်ဆင့် Transit လေဆိပ်သို့ထွက်ခွာပြီး၊ ၄င်းမှတစ်ဆင့် တရုတ်နိုင်ငံ အနောက်တောင်ဘက်တွင် တည်ရှိသော ရှန်စီးပြည်နယ်၏မြို့တော်ဖြစ်သော ရှီအမ် မြို့သို့ဆက်လက်ခွက်ခွာရာ ရှီအမ်လေဆိပ်သိုချောမောစွာရောက်ရှိပြီးနောက်ဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။
Over Night – Xi’an Grand Dynasty Culture Hotel(or)Similar
Day 2~ ရှီအမ်
ဟိုတယ်တွင် နံနက်စာကို Buffet ဖြင့် သုံးဆောင်ပြီးနောက် တရုပ်ပြည်၏ပထမမင်းဆက်ဖြစ်သည့် Qin Dynasty ၏မြေအောက်ဂူသချိုင်းဖြစ်သည့်စစ်သည်တော်ရုပ်ထု၊မြင်းစစ်သည်တော်ရုပ်ထုများရှိသည့် Terracotta Army သို့သွားရောက်လေ့လာပါမည်။ နေ့လည်စာအားစီချွန်အစားအသောက်သုံးဆောင်ပြီး Great Wild Goose Pagoda ဖူးမျော်ပါမည်။ဆက်လက်ပြီး Ming City Walls, Drum Tower Square နှင့် တရုပ်မူဆလင်များနေထိုင်ရာဒေသဖြစ်သဖြင့်တရုပ်ဘုံကျောင်းပိသုကာလက်ရာများနျှင့်ပေါင်းစပ်ထားသည့်Great Morque သို့လည်ပတ်ပါမည်။ညနေစာသုံးဆောင်ပြီး Muslim Street သို့လမ်းလျောက်ထွက်လည်ပတ်ပြီး Street Food များဝယ်စားကြပြီးအမှတ်တရပစ္စည်းများဝယ်ယူကြပါမည်။ပြီးနောက် Huayin မြို့သို့သွားရောက်အိပ်စက်အနားယူပါမည်။
Over Night – Huashan Hotel Hanzhong (or)Similar
Day 3 ~ Mt. Huashan ~ Luoyang
ဟိုတယ်တွင် နံနက်စာကို Buffet ဖြင့် သုံးဆောင်ပြီးနောက် မီတာ၇၀၀၀ကျော်မြင့်ပြီး မိုးတိမ်များ၏အပေါ်တွင်ရှိသော၊တောင်တက်လမ်းကျဉ်းမြောင်းစွာရှိသော ၊တောင်ထွတ်ပေါင်း(၅)ထွက်ရှိပြီး ကမ္ဘာကျော် Mt. Huashan တောင်သို့ကေဘယ်ကားဖြင့်တက်ရောက်ပါမည်။ နေ့လည်စာသုံးဆောင်ပြီး Luoyang သို့မြန်နုံးမြင့်ရထားဖြင့်ထွက်ခွာပါမည်။။ပြီးနောက် Xinduhui Business Center & Carrefour သို့သွားရောက်လည်ပတ်ပြီးညနေစာသုံးဆောင်ပြီးအိပ်စက်အနားယူပါမည်။
Over Night – WaKu YuShe Boutique Hotel Luoyang (or)Similar
Day 4 ~ Luoyang ~ ရှီအမ်
ဟိုတယ်တွင် နံနက်စာကို Buffet ဖြင့် သုံးဆောင်ပြီးနောက်လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ခန့်က
တည်းကတည်ရှိခဲ့ပြီး Mount Xiang and Mount Longmen တောင်ကြားရှိ Yi River တစ်လျောက် Zhou Dynasty ခေတ်ကတည်ထားခဲ့သည် Longmen Grottoes(Caves)သို့သွားရောက်ပါမည်။ ၄င်းသည်တရုပ်တစ်နိုင်ငံလုံးတွင်ရှိသည့်အကြီးကျယ်ဆုံးဂူဘုရားပေါင်း ၄ ဆူတွင်တစ်ခုအပါအ၀င်ဖြစ်ပြီးဂူပေါက်ပေါင်း၂၃၄၅ ပေါက်တွင်ဆင်းထုတော်ပေါင်းတစ်သိန်းကျော်ရှိသည့် ကိုအံ့သြစွာဖူးမျှော်ရပါမည်။နေ့လည်စာစားသုံးပြီး ရှီအမ်မြို့သို့ high speed train ဖြင့်ပြန်လည်ထွက်ခွာပါမည်။ရှီအမ်သို့ရောက်ရှိပြီး ညနေစာသုံးဆောင်ပြီး ဟိုတယ်တွင်အနားယူပါမည်။(အချိန်ပေါ်မူတည်ပြီး Shopping သို့ပို့ဆောင်ပေးပါမည်)
Over Night – Chengdu Xirui Boutique Hotel (or )similar
Day 5 ~ ရှီအမ် ~ ချန်ဒူး ( By high speed train)
ဟိုတယ်တွင် နံနက်စာကို Buffet ဖြင့် သုံးဆောင်ပြီးနောက်ရှီအမ်မှချန်ဒူးသို့ အမြန်ရထား ( 3 Hrs Ride) ဖြင့် ထွက်ခွာရောက်ရှိပြီးနေ့လည်စာသုံးဆောင်ပါမည်။ဆက်လက်ပြီး ကမ္ဘာ့တိုးရစ်များအများဆုံး သွားရောက်ဖူးမြော်ကြသည့် Lingyun Mountain တောင်နံရံတွင် ထွင်းထုထားသော၊ UNESCO World Heritage Site တစ်ခုဖြစ်သည့်ရှေးခေတ်တရုပ်ပြည်၏ဗုဒ္ဓဘာသာထွန်းကားခဲ့ပုံကိုပြသသည့် Leshan ကမ္ဘာ့အကြီးဆုံး ထိုင်တော်မှုဗုဒ္ဓရုပ်ပွားတော်( ၁၇၀ မီတာအမြင့်ရှိ) ဗုဒ္ဓရုပ်ပွားတော်တို့ကို ဖူးမြော်ကြပါမည်။ ထို့နောက်ညနေစာသုံးဆောင်ပြီးအိပ်စက်အနားယူပါမည်။
Over Night – HongQi hotel ( or) similar
Day 5 ~ ချန်ဒူး ~ ရန်ကုန် ( Night Flight)
ဟိုတယ်တွင် နံနက်စာကို Buffet ဖြင့် သုံးဆောင်ပြီးနောက်ပီးနောက် Mt.Emei တောင်သို့ထွက်ခွာပါမည်။တရုတ်ပြည်၏ဒုတိယ ရှေးအကျဆုံး မဟာယန ဘုန်းတော်ကြီးကျောင်းဖြစ်သည့် Baoguo Temple, Mt. Emei တောင်ကို ဆင်ဖြူတော်စီးပြီး စောင့်ရှောက်နေသည့် Bodhisattva Puxian ၏ရုပ်ထုတည်ရှိရာ Wannian Temple, Qingyin Pavillion ရှေးဟောင်းခေတ်လက်ရာများကို လေ့လာနိုင်သော Fuhu Temple တွင် ဗုဒ္ဓရုပ်ပွားတော်ပုံများနှင့် တခြားသော အနုပညာလက်ရာများကို လေ့လာကြပါမည်။ ။ပြီးနောက်နေ့လည်စာစားသုံးပြီး Jinli street & Kuan & Zhai Alley သို့သွားရောက်ဈေးဝယ်ထွက်ရင်းညနေစာစားသုံးပါမည်။
ပြီးနောက် ချန်ဒူးလေဆိပ်သို့ထွက်ခွာပြီး၊ ၄င်းမှတစ်ဆင့်Transit လေဆိပ်သို့ထွက်ခွာပါမည်။
Over Night – On Flight
Day 6 ~ Transit Airport ~ ရန်ကုန်
Transit Airport သို့ ရောက်ရှိပြီး၎င်းမှ ဆက်လက်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာရာ ရန်ကုန်မြို့သို့ ချောမွေ့စွာပြန်လည်ရောက်ရှိပါမည်။

_______________________________
ကျန်ကျားကျဲ့- ကွေ့လင် – ချန်ရှားပရိုဂရမ်

DAY 1 – YANGON – GUANGZHOU – GUILIN
DAY 2 – GUILIN
DAY 3 – GUILIN CHANGSA – ZHANGJIAJIE
DAY 4 – ZHANGJIAJIE
DAY 5 – ZHANGJIAJIE
DAY 6 – Zhangjiajie – Guangzhou – YANGON

ကျန်ကျားကျဲ့- ကွေ့လင် – ချန်ရှား လည်ပတ်စရာများ

– ကျန်ကျားကျဲ့မြို့ရှိ ထျန်မှိန်တောင် National Park သို့ ကမ္ဘာ့အရှည်ဆုံး Cable Car စီးပြီး သာယာလှပသော သဘာဝရှု့ခင်းများအား ကောင်ကင်းပေါ်မှကြည့်ရှု့ခြင်း
– ရင်ခုန်စိတ်လှုပ်ရှားသော Skywalk Path ကောင်းကင်မှန်တံတားပေါ်သို့ လမ်းလျှောက်ခြင်း
– ကျောက်ဆောင်ဘေးအစွန်းတွင် အသည်းယားဖွယ်ရာတည်ဆောက်ထားသော Cliff Plank Path တံတား
– ကောင်းကင်ဘုံသို့သွားရာလမ်းဟုတင်စားခေါ်ဝေါ်ထားသော Tianmen Cave ဂူ
ကျန်ကျားကျဲ့
– နာမည်ကျော်ပန်းချီပညာရှင်းများ၏ အနုပညာလက်ရာများစွာအားတွေ့မြင်ခံစားနိုင်မည့် Jushang Painting Inistiue
– နဂါးလှိုဏ်ဂူဖြစ်သည့် Huanglong Cave ဂူအတွင်းရှိ ကျောက်စွယ်၊ ကျောက်ခတ်များအား ကြည့်ရှု့ခြင်း
– တရုတ်လှပျိုဖြူများ၏ ရိုးရာအကအလှများအား ရင်သပ်ရှု့မောဖွယ်ရာကြည့်ရှု့ခံစားနိုင်မည့် Zhangjiajie Traditional Show
Yuanjiajie Moutain
– UNESCO အသိအမှတ်ပြုထားခြင်းခံရသော Wulingyuan တောင်သို့ ကမ္ဘာ့အမြင့်ဆုံးနှင့် အမြန်ဆုံးသော ဓာတ်လှေခါးဖြင့် အမြင့်ဆုံးတောင်ထိပ်သို့ တက်ရောက်ခြင်း
– Hollywood တွင် နာမည်ကျော်ရှပ်ရှင်ဖြစ်သည့် Yuanjiajie (Avatar Mountain) တောင်သို့လည်ပတ်ခြင်း
– ကောင်းကင်ဘုံအထိ ရောက်သလိုခံစားနိုင်မည့် တောင်ထိပ်၏အမြင့်ဆုံးနေရာဖြစ်သော Yuanjajie Scenic Area
ချန်ရှား
– ကမ္ဘာ့အရှည်ဆုံးနှင့် အမြင့်ဆုံး အကျော်ကြားဆုံးသော မှန်တံတားကြီးရှိရာ Grand Canyon Skywalk Glass Bridge
ကွေ့လင်
– ကွေ့လင်မြို့ရှိ ပန်းချီးကားသဖွယ်လှပသော လိကျန်မြစ်ရေစီးကြောင်း ရှု့ခင်းများအား သဘောင်္ဖြင့် လည်ပတ်ခြင်း
– Rong Shan Lake ကန်နှင့် ဘုံ(9)ဆင့်ရှိသော ရွှေ/ငွေစေတီတိုက် သို့သွားရောက်လည်ပတ်ခြင်း
– စည်ကားသိုက်မြိုက်သော Zheng Yang Shopping Street ဈေးလမ်းမကြီး
– ကွမ်စီပြည်နယ်ရှိ တောတောင်ရေမြေသဘာဝအလှများနှင့် ရိုးရာယဉ်ကျေးမှု့အမွေအနှစ်များအားပေါင်း စပ်ကာဖော်ကျူးထားသော ရေပေါ်အကအလှအား ကြည့်ရှု့ခြင်း
– ကွေ့လင်မြို့၏ သင်္ကေတဖြစ်ပြီး နာမည်ကျော် Elephant Trunk Hill ဆင်နှာမောင်းတောင်
_____________________________

ရှန်ဂရီလာခရီးစဉ်ပရိုဂရမ်

DAY 1 – YANGON – KUNMING
DAY 2 – KUNMING – DALI
DAY 3 – LIJIANG
DAY 4 – LIJIANG
DAY 5 – LIJIANG – SHANGRI LA
DAY 6 – SHANGRI LA – KUNMING – YANGON

ကူမင်းမြို့လည်ပတ်စရာများ

မင်မင်းဆက်လက်ထက်က တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ The Golden Horse and Jade Rooster Archway
– ခောတ်ဟောင်းကာလကတည်းက ဈေးရောင်းချရာနေရာဖြစ်သည့် Nanping Pedestrain Street (Nanping Business Street)
သဘာဝအလျောက်ဖြစ်ပေါ်နေသော ထုံးကျောက်များတည်ရှိရာ စိတ်ဝင်စားဖွယ် နာမည်ကျော် Shilin Stone Forest

တာ့လီမြို့လည်ပတ်စရာများ

တရုတ်ပြည်၏ ဒုတိယအကြီးဆုံး Erhai Lake Park ရေကန်ကြီး
ရှေးဟောင်းဗိသုကာလက်ရာများဖြင့် ထူးခြားလျက်ရှိသော တြိဂံပုံသဏ္ဍာန် ဘုရားသုံးဆူ
သဘာဝရှု့ခင်းအလှအပများနှင့် တာ့လီမြို့ဟောင်း ရှေးခေတ်အိမ်ယာများ
Bai ရိုးရာ အကအလှဖျော်ဖြေမှုများ
နာမည်ကျော် Foreigners Street

လီကျန့်မြို့လည်ပတ်စရာများ

ဆင်တောင်၏ တောင်ခြေရင်းတွင်ရှိသော နွေရာသီကျောက်စိမ်းပန်းခြံထဲမှ ထင်ရှားသောရေကန်ဖြစ်သည့် Black Dragon Pool နှင့် အဖြူရောင် စကျင်ကျောက်တံတား
လီကျန့်မြို့ဟောင်း ရှု့ခင်းများ
tram လေးစီးနင်းရင်း ကျောက်စိမ်းနဂါးနှင်းတောင်သို့ သွားရောက်ခြင်း
ယန်ဇီမြစ်၏ ရေတိုမြစ်လက်တက် Baishui River
ပြာလဲ့လဲ့ရေပြင်ဖြင့် လှပနေသော Blue Moon Valley Jade Water Village
လီကျန့်ရိုးရာ အကအလှများနှင့် ဖျော်ဖြေမှုများ
ကျောက်စိမ်းနဂါးနှင့် ဟာဘာနှင်းတောင်တန်းများကြားရှိ ကျားပျံလျှိုစောက် Tiger Leaping George

ရှန်ဂရီလာမြို့လည်ပတ်စရာများ

အသွေးအရောင်စုံလင်စွာ လှပလျက်ရှိသော လိပ်များကို မြင်တွေ့နိုင်မည့် Turtle Mountain Park
၁၇ ရာစုတွင် တည်ဆောက်ထားသော ယူနန်ပြည်နယ်ရှိ အကြီးဆုံး Gandan Sumtseling Monastery
ပင်လယ်ရေပြင်အထက် ၃၂၇၀ မီတာတွင် တည်ရှိသော သဘာဝဘေးမဲ့တော ဧရိယာရှိ Napa Lake